သတင်းများ

နာဂဒေသ၌  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မတူပီချောင်းရေအားလျှပ်စစ်အား သဲများ ပိတ်ဆို့နေမှုအား ရှင်းလင်းဖယ်ထုတ်
Jul 18,2021
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မတူပီချောင်းရေအားလျှပ်စစ်ရေလှောင်ကန်အား သဲများ ပိတ်ဆို့နေမှုကို ယမန်နေ့က ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်မြင့်နှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့တို့ ဦးဆောင်၍ ဌာနဆိုင်ရာများ၊  ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ၊ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (NRDC) ကျောင်းဆင်းညီအစ်ကိုများ၊ လေရှီးမြို့ပေါ်ရှိ လူငယ်အဖွဲ့အစည်းများ ပူးပေါင်း၍ သွားရောက်ရှင်းလင်း ဖယ်ထုတ်ခဲ့ကြကြောင်း သိရသည်။
လေရှီးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံး အဆောက်အဦးများနှင့် စျေးဆိုင်များအား ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ဖွင့်လှစ်ထားရှိမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်
Jul 18,2021
နာဂဒေသလေရှီးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံး အဆောက်အဦးများနှင့် စျေးဆိုင်များအား ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ဖွင့်လှစ်ထားရှိမှု ရှိ/မရှိကို မြို့နယ်ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ ဦးအောင်မြင်နှင့် အဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီ ၄၅မိနစ် အချိန်တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်း မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြပါရမီကိုယ်ပိုင် ကျောင်းတွင် Quarantine ဝင်ရောက်နေသူများအား RDT Test Kit ဖြင့် စစ်ဆေးရာ(၉)ဦးတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိ
Jul 18,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြပါရမီ ကိုယ်ပိုင်းကျောင်းရှိ Quarantine Center တို့တွင် Quarantine ဝင်ရောက်နေသူများအား ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ၊ အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၄)ဦးတို့တွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ အသိပညာပေး ဆောင်ရွက်
Jul 18,2021
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ အသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
စဉ့်ကူးမြို့နယ်အတွင်း အောက်ဆီဂျင် Plant စက် တည်ဆောက်နိုင်ရေးအတွက် အလှူငွေများ ပေးအပ်ပွဲကျင်းပ
Jul 17,2021
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်း အောက်ဆီဂျင် Plant စက်တည်ဆောက်နိုင်ရေး အတွက် အလှူငွေပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အတွင်းရေးမှူးတို့ သံတွဲခရိုင်သို့ရောက်ရှိ၊  အလှူငွေနှင့်စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်လှူဒါန်း
Jul 17,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့သို့ရောက်ရှိနေသော ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးသန်းထွန်း၊ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းဦးနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်တို့သည် ဇူလိုင် ၁၇ ရက်နေ့တွင် ဂွမြို့၊ ပြည်သူ့ဆေးရုံကြီးနှင့် ကိုဗစ်-၁၉   ပိုးတွေ့လူနာများထားရှိမည့် အဆောင်နေရာများပြင်ဆင်ထားရှိမှုများကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး မြို့နယ်ဆရာဝန်ကြီးနှင့် သူနာပြုများအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းနှင့် ကူညီဆောင်ရွက်ပေးနေသော  ပရဟိတအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
မလှိုင်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ(၁၇)ဦး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံမှ ဆင်းခွင့်ရ
Jul 17,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ မြင်းဦးလှည့်ကျေးရွာအုပ်စု၊ ခေါင်းဆေးကန်ကျေးရွာမှ ကိုဗစ်အတည်ပြု လူနာ(၁၇)ဦး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း  မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ထံမှ သိရသည်။
သရက်မြို့တွင် ရွှေနီအောင်သိန်း ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် ငွေကျပ်(၁၀)သိန်း လှူဒါန်း
Jul 17,2021
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ရွှေနီအောင်သိန်းဖောင်ဒေးရှင်းမှ ခရိုင်ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေကျပ်(၁၀)သိန်း ပေးအပ်လှူဒါန်းခြင်း ကို ယနေ့ နံနက်(၁၁)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင် မိသားစုများ တက်ရောက်ခဲ့ကြသည်။