ဘားအံမြို့တွင် (၇၄) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်နေ့အကြောင်း သိကောင်းစရာများ Talk Show ဆောင်ရွက်

ဘားအံ   ဇူလိုင်    ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၂ နာရီက ဇူလိုင် (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အာဇာနည်နေ့အကြောင်း သိကောင်းစရာများ Talk Show ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စိုးစိုးအေး က အာဇာနည်နေ့အကြောင်းသိကောင်းစရာများ ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဘားအံမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်ဆုလတ်နွယ်က အာဇာနည်ဆိုသည်မှာ၊ အာနည်နေ့ ပေါ်ပေါက်လာပုံအကြောင်း၊ အတုယူဖွယ်အာနည်စိတ်ဓာတ်၊ အာဇာနည် (၉) ဦးအကြောင်း  စသည့် အကြောင်းအရာများကို Online မှ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Covid-19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အသိပညာပေးဆွေးနွေးပွဲများကို Online မှတစ်ဆင့်ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။