သတင်းများ

မလှိုင်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ(၁၇)ဦး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံမှ ဆင်းခွင့်ရ
Jul 17,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ မြင်းဦးလှည့်ကျေးရွာအုပ်စု၊ ခေါင်းဆေးကန်ကျေးရွာမှ ကိုဗစ်အတည်ပြု လူနာ(၁၇)ဦး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း  မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ထံမှ သိရသည်။
သရက်မြို့တွင် ရွှေနီအောင်သိန်း ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် ငွေကျပ်(၁၀)သိန်း လှူဒါန်း
Jul 17,2021
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ရွှေနီအောင်သိန်းဖောင်ဒေးရှင်းမှ ခရိုင်ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေကျပ်(၁၀)သိန်း ပေးအပ်လှူဒါန်းခြင်း ကို ယနေ့ နံနက်(၁၁)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင် မိသားစုများ တက်ရောက်ခဲ့ကြသည်။
မိုင်းယောင်းမြို့နယ်ရှိ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သူသုံးဦး ဆေးကုသမှုခံယူပြီးနောက် ဆေးရုံဆင်း
Jul 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည့် အတည်ပြုလူနာသုံးဦးဖြစ်သော ဝမ်ကောင်းကျေးရွာမှ နှစ်ဦးနှင့် ဖကျောက်ကျေးရွာမှ တစ်ဦးတို့သည် ဝမ်ဇလီလော်ကျေးရွာ ဝန်ထမ်းအိမ်ရာ ယာယီဆေးကုသဆောင်၌ ဆေးကုသမှု ခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်ကြသဖြင့် ယနေ့နံနက်ပိုင်းအချိန်ခန့်က ဆေးရုံမှဆင်းခွင့်ပြု ခဲ့ကြောင်း သိရသည်။
ဘားအံမြို့တွင် နေအိမ်အပြင်ထွက်လျှင် ပါးစပ်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်း ရှိ/မရှိရှောင်တခင်စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jul 17,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)အဆင့်မြင့် စံပြဈေး၊ဖိုးလမင်းကုန်တိုက်ရှေ့၊ အ-ထ-က(၄)ကျောင်းရှေ့၊ မြို့နယ်စုပေါင်းရုံးရှေ့၊ သံလွင်တံတား အနီး၊ မဲဘောင်ဈေးစသည့်နေရာများတွင် ခရီးသွားပြည်သူများနှင့် နေအိမ်ပြင်ပထွက်ခွာ သွားလာသူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး ခြင်း၊ အသိပညာပေးခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျိန္တလီမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ(၄)ဦး ထပ်မံတွေ့ရှိ
Jul 17,2021
သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ဘဝင်ကျေးရွာမှ အသက်(၆၀)နှစ် အမျိုးသမီးတစ်ဦး၊ သိုင်းကျွန်းကျေးရွာမှ အသက်(၄၆)နှစ်အမျိုးသားတစ်ဦး၊ ကျိန္တလီမြို့ အမှတ်(၂)ရပ်ကွက်မှ  အသက် (၆၀)နှစ် အမျိုးသမီးတစ်ဦးနှင့်  အသက်(၂၃)နှစ်အမျိုးသမီးတစ်ဦး စုစုပေါင်း(၄)ဦးတို့သည် သံသယ ဖြစ်ဖွယ်ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် ကျိန္တလီမြို့ ပြည်သူ့ဆေးရုံတွင် ယနေ့ မွန်းတည့်ချိန်က  RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ (၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်ရှိ ကိုဗစ် - ၁၉ ရောဂါ အရန်ကုသရေးစင်တာ၌ ပိုးတွေ့လူနာများအား ကိုယ်ကာယ အသက်ရှုလေ့ကျင့်ခန်း လှုပ်ရှားမှုများ ဆောင်ရွက်ပေး
Jul 17,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ရှိကသစ်ဝိုင်းဓမ္မရိပ်သာ ကိုဗစ် - ၁၉ ရောဂါ အရန်ကုသရေးစင်တာ၌ ယနေ့ နံနက် ၇ နာရီအချိန်က ဆေးကုသမှုခံယူနေသော ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ လူနာများအား ကိုယ်ကာယလေ့ကျင့်ခန်းနှင့် အသက်ရှုလေ့ကျင့်ခန်းများ လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် ရှန်တော်သကြားစက်ရုံမှ အလုပ်သမား ၁၄ ဦးတွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိ
Jul 17,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ခိုဆိုင်းကျေးရွာအုပ်စု ရှန်တော်ကျေးရွာရှိ သံတောင်ဦးကုမ္ပဏီပိုင် သကြားစက်မှ အလုပ်သမား ၁၄ ဦးတို့တွင် ဇူလိုင်လ ၁၆ ရက်နေ့က ကိုဗစ် - ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သည်။
ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းနှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Jul 17,2021
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါသည် ယခုအခါ မြန်မာနိုင်ငံတွင် ကူးစက်ပြန့်ပွားမှုများ ဖြစ်ပွားလျက်ရှိပြီး တတိယလှိုင်းအသွင် စတင်ဖြစ်ပွားလျက်ရှိသည့်အပြင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ကူးစက်မြန် ကပ်ရောဂါလည်း ကူးစက်ပြန့်ပွားလျက်ရှိကြောင်း ဓာတ်ခွဲ အတည်ပြုချက်များအရ သိရသည်။