သတင်းများ

ပုံပါကျင်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေ နည်းဥပဒေများ အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်
Jan 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး အသစ် ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုင်ရာ အသိပညာပေး ရှင်းလင်းပွဲကို ယမန်နေ့က မိုင်းဟန်ကျေးရွာအုပ်စု နားကောင်းမူးကျေးရွာဓမ္မာရုံနှင့် ဘဝသစ်ကျေးရွာ ဘုရားကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ် ချုပ်ရေးမှူးအသစ်ပြန်လည်ရွေးချယ်တင်မြောက်နိုင်ရန် ကြီးကြပ်ရေးအ ဖွဲ့ဝင် (၅)ဦးရွေးချယ်
Jan 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်ပြန်လည် ရွေးချယ်တင်မြောက်နိုင်ရန် ကြီးကြပ်ရေးအဖွဲ့ဝင်(၅)ဦးရွေးချယ်ဖွဲ့စည်းခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီ အချိန်က မြို့မ ရပ်ကွက်သရက်တောကျောင်းတိုက်၌ပြုလုပ်ခဲ့သည်။
ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 27,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြည့်သူဆေးရုံတွင် ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(COVISHIELD) ထိုးနှံခြင်းကို စတင်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ကျိုင်းတုံမြို့ ရပ်တော်မူဘုရားကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ခေမရဋ္ဌဗျာဒိတ်ပေး ရပ်တော်မူဘုရားကြီး အရုဏ်ခံ တန်ဆောင်း၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က ကျင်းပခဲ့သည်။
စပါးသီးနှံ အရည်အသွေးမကျဆင်းစေရေးနှင့် သိုလှောင်ချိန်၌ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှု လျော့ကျစေရေးအတွက် သိုလှောင် စပါးမျိုးစေ့များအား အစိုဓာတ်တိုင်းတာပေးမှု လက်တွေ့ သရုပ်ပြသဆောင်ရွက်
Jan 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် ၊ မင်းတဲကြီးရပ်ကွက် ၊ တောင်သူ ဦးဇော်လွင်၏ ဧရာမင်း စပါးမျိုးသိုလှောင်ထားရှိသည့်နေရာ၌ စပါးသီးနှံအရည်အသွေးမကျဆင်းစေရေးနှင့် သိုလှောင်ချိန်၌ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုလျော့ကျစေရေးအတွက် သိုလှောင်သီးနှံ(ဧရာမင်း)စပါးမျိုးစေ့များအား သီးနှံအစို ဓာတ်တိုင်း ကိရိယာ (Kett Moisture Tester) Riceter fg- 512 နှင့် (Grain Moisture meter) တို့ဖြင့် အစိုဓာတ် တိုင်းတာပေးသည့် လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
မိုးမေတ္တာဖောင်ဒေးရှင်းမှ လင်းခေးမြို့၊ နောင်လုံကျေးရွာအုပ်စု၊ နမ့်တင်ကျေးရွာရှိ ကျန်းမာရေးချို့တဲ့သူနှင့် ငွေကြေးချို့တဲ့သူများအား စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်း
Jan 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်မှ မိုးမေတ္တာဖောင်ဒေးရှင်း (MEU METTA Foundation)သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် လင်းခေးမြို့၊ နောင်လုံကျေးရွာအုပ်စု၊ နမ့်တင်ကျေးရွာရှိ ကျန်းမာရေးချို့တဲ့သူ၊ ငွေကြေးခက်ခဲသူ (၁၄) ဦးအတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကျောက်ထုမြို့ဒေသတွင် ကုလားပဲ စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်
Jan 27,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျောက်ထုမြို့ဒေသရှိ လယ်ယာမြေများတွင် ရေဆင်း(၆) ကုလားပဲမျိုးအား စိုက်ပျိုးလျှက်ရှိရာ အောင်မြင်ဖြစ်ထွန်းကြောင်း စိုက်ပျိုးရေးဌာနမှ သိရပါသည်။
မိုင်းယောင်းမြို့နယ်တွင် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း လက်တွေ့ပြသခြင်း ဆောင်ရွက်
Jan 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် လယ်ယာစွန့်ပစ်ပစ္စည်းများ အကျိုးရှိစွာ အသုံးချပြီး နွေစပါးစိုက်ခင်းများနှင့် အခြားသီးနှံစိုက်ခင်းများ မြေဆီလွှာအဟာရဓာတ် တိုးတက်လာစေရန်အတွက် သဘာဝမြေသြဇာပြုလုပ်သုံးစွဲနည်းများကို တောင်သူများ၏ ဖိတ်ခေါ်ချက်အရ ယမန်နေ့တွင် လက်တွေ့ပြုလုပ်ပြသခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။