ရေကြည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ် ချုပ်ရေးမှူးအသစ်ပြန်လည်ရွေးချယ်တင်မြောက်နိုင်ရန် ကြီးကြပ်ရေးအ ဖွဲ့ဝင် (၅)ဦးရွေးချယ်

ရေကြည် ဇန်နဝါရီ  ၂၇



ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်ပြန်လည် ရွေးချယ်တင်မြောက်နိုင်ရန် ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးရွေးချယ်ဖွဲ့စည်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က မြို့မရပ်ကွက် သရက်တောကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။

ထိုသို့ရွေးချယ်ဆောင်ရွက်ရာတွင် မြို့နယ်ဒုပညာရေးမှူး ဦးတင်ထွဋ်နိုင်က ရွေးချယ်ဖွဲ့စည်း ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်လုပ်ငန်းစဉ်အရပ်ရပ်ကို ထပ်မံရှင်းလင်းပြောကြားပြီးရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရွေးချယ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။


အဆိုပါအုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် မြို့နယ်ဒုပညာရေးမှူး ဦးတင်ထွဋ်နိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးစီစီအောင် ၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နုတို့က ကြီးကြပ်ရေးအဖွဲ့ဝင်များအဖြစ တာဝန်ထမ်းဆောင်လိုသူများ အား ကွင်းဆင်းစီစစ် ရွေးချယ် ပေးခဲ့ကြောင်း သိရသည်။

အောင်သူဟန်(ပြန်/ဆက်)