သတင်းများ

ပန်းတနော်မြို့နယ်တွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေး အဖွဲ့ ရွေးချယ်ဖွဲ့စည်း
Jan 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့ နံနက် ၉ နာရီက မင်းတစုကျေးရွာ ရွှေဥမ္မာဇာတ်ရုံကြီးတွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး
Jan 27,2021
မြန်မာ-ထိုင်းနယ်စပ်ဒေသ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများအား ယနေ့နံနက်ပိုင်းတွင် ခရိုင်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဘီးလင်းမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 27,2021
သထုံခရိုင်၊ဘီးလင်းမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်း များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက် (၉)နာရီက ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းဝေးခန်းမ၌ စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ် - ၁၉ ကာကွယ်ဆေး သံဖြူဇရပ်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေး
Jan 27,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီခန့်မှ စတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံ အစည်း အဝေးခန်းမ၌ ကျန်းမာရေး ဝန်ထမ်းများအား စတင်ထိုးနှံပေးကြောင်း သိရသည်။
ဇလွန်​မြို့နယ်တွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများနှင့် Box Culvert လုပ်ငန်းများ ဆောင်ရွက်နေမှု အရည်အသွေးပြည့်မီရေး ကွင်းဆင်းစစ်ဆေး
Jan 27,2021
ဧရာဝတီတိုင်း​ဒေသကြီး၊ ဇလွန်မြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ ၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများနှင့် Box Culvert လုပ်ငန်းများ ဆောင်ရွက်နေမှု အရည်အသွေးပြည့်မှီရေးကို စည်ပင်သာယာရေး ကော်မတီ၊ အမှုဆောင်အရာရှိ ဦးသန်းထွန်းအောင်နှင့် တာဝန်ခံအင်ဂျင်နီယာ တို့မှ ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကလေးမြို့တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ
Jan 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီမှစတင်၍ ကလေးမြို့ ကုတင် ၃၀၀ ဆေးရုံကြီးနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့တွင် စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း သိရသည်။