ကောလင်း ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် ၊ မင်းတဲကြီးရပ်ကွက် ၊ တောင်သူ ဦးဇော်လွင်၏ ဧရာမင်း စပါးမျိုးသိုလှောင်ထားရှိသည့်နေရာ၌ စပါးသီးနှံအရည်အသွေးမကျဆင်းစေရေးနှင့် သိုလှောင်ချိန်၌ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုလျော့ကျစေရေးအတွက် သိုလှောင်သီးနှံ(ဧရာမင်း)စပါးမျိုးစေ့များအား သီးနှံအစို ဓာတ်တိုင်း ကိရိယာ (Kett Moisture Tester) Riceter fg- 512 နှင့် (Grain Moisture meter) တို့ဖြင့် အစိုဓာတ် တိုင်းတာပေးသည့် လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ လက်တွေ့သရုပ်ပြသ ဆောင်ရွက်မှုတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းသိန်းနှင့် ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြင်စန်းနှင့်မြို့နယ်ဦးစီးမှူး ဦးလှမြင့်တို့မှ ဦးဆောင်၍ ခရိုင်၊ မြို့နယ် ဝန်ထမ်းအဖွဲ့များနှင့် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)