ကံမ ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြည့်သူဆေးရုံတွင် ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(COVISHIELD) ထိုးနှံခြင်းကို စတင်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကံမမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်း ၁၃၄ ဦး နှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်း ၄ ဦး စုစုပေါင်း ၁၃၈ ဦးတို့အား စတင်ထိုးနှံပေးသွားမည် ဖြစ်ပြီး ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူများသည် ရက်သတ္တပတ် (၄) ပတ်ခြား၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးလင်းထံမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)