သတင်းများ

မိုင်းပျဉ်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ခြင်းနှင့် ကော်မတီဝင်များ ရွေးချယ်ခြင်း ဆောင်ရွက်
Jan 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဝင်များ ရွေးချယ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မှ တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နေအိမ်ပြင်ပထွက်တိုင်း Mask စနစ်တကျ တပ်ဆင်ပါရှိရေး ပူးပေါင်းအဖွဲ့မှ ကြပ်မတ်စစ်ဆေးလျက်ရှိ
Jan 27,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ အကြောင်း အမျိုးမျိုးဖြင့် ‌နေအိမ်ပြင်ပထွက်သူတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း အကာအကွယ် Mask စနစ် တကျ တပ်ဆင်ပါရှိရေးကို အထူးကြပ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ငွေဆောင်မြို့တွင် နယ်မြေလုံခြုံရေးအတွက် ယာဉ်များကို ပိတ်ဆို့ရှာဖွေခြင်းနှင့် လှည့်ကင်းများ ဆောင်ရွက်
Jan 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးများ ဖြတ်သန်းသယ်ဆောင်မှု မရှိစေရေးနှင့် မှုခင်းကျဆင်းရေးတို့အတွက် ယမန်နေ့နံနက် ၈ နာရီက ငွေဆောင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများက မြို့အဝင်ဂိတ်တွင် ယာဉ်များအား ပိတ်ဆို့စစ်ဆေး လျက်ရှိသည်။
ညောင်ရွှေမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ပုံမှန်ဝင်ငွေမရှိသော ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်
Jan 27,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ထပ်တိုးတင်ပြထားသည့် ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၁၁၅၆) စုအား လက်ဝယ်အရောက်ထောက်ပံ့ငွေများ ပေးအပ်
Jan 27,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ ထပ်တိုးတင်ပြထားသည့် အိမ်ထောင်စုများအား ထောက်ပံ့ ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စု အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၁၁၅၆)စုအတွက် တာဝန်ရှိသူများက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ဘုတလင်မြို့နယ် ပြည်သူ့ဆေးရုံကြီးအတွက် လူနာတင်ယာဉ် Super Custom တစ်စီး ပေးအပ်လှူဒါန်း
Jan 27,2021
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ ငါးကျမ်းတိုက်၊ အေးရိပ်မြိုင်ကျောင်းတိုက် ဆရာ တော်ကြီး ဦးလာသန(မန္တလေး)က စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးအတွက် လူနာတင်ယာဉ် အသုံးပြုရန် Super Custom တစ်စီးကို ယမန်နေ့ နေ့လယ်(၁)နာရီခွဲအချိန်က ပြည်သူ့ဆေးရုံကြီးတွင် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဆေးယဉ်ပါး(တီဘီ) ကုသရေးတွင် ပူးပေါင်းဆောင်ရွက်ခြင်း မြို့နယ်အဆင့် အသိပေးရှင်းလင်း
Jan 27,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Pyi Gyi Khin အဖွဲ့တို့မှ မြို့နယ်အတွင်း ဆေးယဉ်ပါး(တီဘီ) ကုသရေးလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ခြင်း မြို့နယ်အဆင့် အသိပေး ရှင်းလင်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့သည်။
မတူပီမြို့၌ ရပ်ကွက် /ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်ဆောင်ရွက်ရန် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းလုပ်ငန်း ဆောင်ရွက်
Jan 27,2021
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်အုပ်ချုပ်ရေးမှူး အသစ်ပြန်လည် ရွေးချယ် နိုင်ရေး အတွက်ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မတူပီမြို့၊ ဘုံတလာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။