သတင်းများ

ချောင်းဆုံမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးနှင့်ကလေးများ ပါဝင်ဆောင်ရွက်ခြင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Jan 27,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ရည်ရွယ်ပြီး ယနေ့နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Center) ခန်းမတွင် ကလေးသူငယ်အခွင့်အရေးနှင့် ကလေးများပါဝင် ဆောင်ရွက်ခြင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချင်းရွှေဟော်မှ နေရပ်ပြန်ပြည်သူ(၂၇)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်
Jan 27,2021
ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၇)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသက်ဦးပိုင်နှင့်ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေး အတွက် ယနေ့နံနက်(၁၁)နာရီအချိန်က လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ
Jan 27,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ လှိုင်းဘွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်မ​ရောမြို့နယ်အတွင်းရှိ ကျန်းမာ​ရေးဝန်ထမ်းများအား ကိုဗစ်- ၁၉ ကာကွယ်​​ဆေး စတင်ထိုးနှံ
Jan 27,2021
မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်အတွင်းရှိ ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာန လက်​အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေးခြင်းကို ယ​နေ့နံနက် ၉ နာရီခန့်က ကျိုက်မ​ရောမြို့ ပြည်သူ့​ဆေးရုံ၌ ပြုလုပ်ခဲ့သည်။
ပန်းတနော်မြို့နယ်တွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေး အဖွဲ့ ရွေးချယ်ဖွဲ့စည်း
Jan 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့ နံနက် ၉ နာရီက မင်းတစုကျေးရွာ ရွှေဥမ္မာဇာတ်ရုံကြီးတွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး
Jan 27,2021
မြန်မာ-ထိုင်းနယ်စပ်ဒေသ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများအား ယနေ့နံနက်ပိုင်းတွင် ခရိုင်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဘီးလင်းမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 27,2021
သထုံခရိုင်၊ဘီးလင်းမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်း များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက် (၉)နာရီက ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းဝေးခန်းမ၌ စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ် - ၁၉ ကာကွယ်ဆေး သံဖြူဇရပ်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေး
Jan 27,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီခန့်မှ စတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံ အစည်း အဝေးခန်းမ၌ ကျန်းမာရေး ဝန်ထမ်းများအား စတင်ထိုးနှံပေးကြောင်း သိရသည်။