ရေကြည်မြို့၌ ဒီပါမုနိဘယ ရန်အောင်ရုပ်ပွားတော်မြတ် ဌာပနာပူဇာ ဌာပနာပိတ်ပွဲပြုလုပ်
Jan 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်ရှိ သမိုင်းဝင် ဒီပါရုမ်စေတီတော်မြတ်ကြီး၏ အရှေ့ရင်ပြင်တော်တွင် တည်ထားကိုးကွယ် လျက်ရှိသော ဒီပါမုနိဘယရန်အောင် ဥဒိသစေတီ ရုပ်ပွားတော်ကြီး အသစ်ပြန်လည်ပူဇော်ရာ ဓမ္မစေတီ စတီးပိဋကပ်တော်များ၊ ဓာတုစေတီသရီရ ဓာတ်တော်များ၊ ပရိဘောဂစေတီ သင်္ကန်းသပိတ်စသော ပရိက္ခရာများကို ဌာပနာပူဇာ၊ ဌာပနာသွင်း ပူဇော်ပွဲကို ယနေ့နံနက် ၇ နာရီအချိန်က ဒီပါမုနိဘယရန်အောင် ရုပ်ပွားတော် ၏ ဥပစာရင်ပြင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။