ငွေဆောင် အ.ထ.က Quarantine Center တွင် Quarantine ဝင်ရောက်နေသူ(၂၂)ဦးရှိပြီး ကျန်းမာရေး ကောင်းမွန်
Jan 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရောဂါအဖြစ်များသည့် ဒေသများမှ ဝင်ရောက်လာသူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ အ.ထ.ကငွေဆောင် Facility Quarantine Center တွင် (၁၄)ရက် ထားရှိခြင်းနှင့် သတ်မှတ်ရက် ပြည့်မြောက်ပါက Home Stay (၇)ရက် နေထိုင်စေခြင်းများ ဆောင်ရွက်လျက်ရှိသည်။