သတင်းများ

သုံးခွမြို့နယ် ကံမြင့်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 30,2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သုံးခွမြို့နယ် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကံမြင့်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံတွင် ကျင်းပကြောင်း သိရသည်။
ကျောက်တန်းမြို့တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အလက( မြို့မ) ကျောင်း ရွှေသံလွင်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
သိန္နီမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေး
May 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သိန္နီမြို့နယ်ဦးစီးမှုးရုံးတွင် ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် မြို့တွင်းလမ်းများ ကောင်းမွန်စေရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ပေး
May 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မြို့တွင်းလမ်းများ အဆင့်မြင့် ကောင်းမွန်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရံပုံငွေပေါ်မူတည်၍ ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမှတ်(၂)ရပ်ကွက်ရှိ မြဝတီမင်းကြီးလမ်း ကတ္တရာထပ်ပိုးလွှာခင်းနေမှုအား ယမန်နေ့ နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသော နိုင်ငံသား စိစစ်ရေး ကတ်ပြား များအား ဒုတိယအကြိမ် အဖြစ် ရပ်ကွက်နေပြည်သူများထံပေးအပ်
May 29,2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားကို ဒုတိယအကြိမ်အဖြစ် မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်နှင့် မြို့သစ်ကြီးရပ်ကွက်နေ ပြည်သူများအတွက်ပေးအပ်ပွဲကို ယနေ့နံနက် (၉)နာရီတွင် မြစ်ကြီးနား မြို့ စုပေါင်း ရုံးဝင်းအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကချင်တိုင်းရင်းသားမျိုးနွယ်စုတို့၏ ရိုးရာဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုများ ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးအတွက် သုတေသနလေ့လာခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး
May 29,2021
အမျိုးသားယဉ်ကျေးမှုများ ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးအတွက် ကချင်တိုင်းရင်းသားမျိုးနွယ်စုတို့၏ ရိုးရာဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုများနှင့် ပတ်သက်၍ သုတေသနလေ့လာခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ နှင့် အမျိုးသားယဉ်ကျေးမှုနှင့်
မြန်အောင်၌ နွေစပါး စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကျင်းပ
May 29,2021
 မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာအုပ်စု စနစ်ကျစံပြလယ်ယာမြေ ကွင်းအမှတ် ၂၃၇(က) တောင်သူ ဦးအုန်းလွင်၏ နွေဧရာစပါးမျိုး (၅.၀) ဧကကွက်တွင် ယနေ့နံနက်က စံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကျင်းပ
May 29,2021
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ကြီးမှူး၍ မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ် အထက်မြန်မာပြည်မှ ဦးဆောင်ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ပြည်နယ်ပြည်သူ့ အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ တွဲဆိုင်းအလိုက် ဆုချီးမြှင့်ငွေများနှင့် အကောင်းဆုံးလက်ဝှေ့ ကစားသမားဆုတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။