တန့်ယန်းမြို့နယ်တွင် မြို့တွင်းလမ်းများ ကောင်းမွန်စေရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ပေး

တန့်ယန်း  မေ  ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မြို့တွင်းလမ်းများ အဆင့်မြင့် ကောင်းမွန်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရံပုံငွေပေါ်မူတည်၍ ဆောင်ရွက်ပေးလျက်ရှိရာ  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမှတ်(၂)ရပ်ကွက်ရှိ မြဝတီမင်းကြီးလမ်း ကတ္တရာထပ်ပိုးလွှာခင်းနေမှုအား ယမန်နေ့ နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

အဆိုပါလမ်းအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ မိုင်းဟင်္သာထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့က လမ်းအရည်အသွေး စံသတ်မှတ်ချက်နှင့်အညီ အစဉ်အမြဲ ကောင်းမွန်ရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ကြရာ အဆိုပါ မြဝတီမင်းကြီးလမ်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရှမ်းပြည်နယ် ထောက်ပံ့ရံပုံငွေ ကျပ်(၄၁၃)သိန်းဖြင့် အရှည်(၁၀၀၀)ပေ၊ အကျယ် (၁၈)ပေအား ကတ္တရာ လမ်းသားမြှင့် ထပ်ပိုးလွှာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေး ဌာနမှ သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)