မြန်အောင် မေ ၂၉
မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာအုပ်စု စနစ်ကျစံပြလယ်ယာမြေ ကွင်းအမှတ် ၂၃၇(က) တောင်သူ ဦးအုန်းလွင်၏ နွေဧရာစပါးမျိုး (၅.၀) ဧကကွက်တွင် ယနေ့နံနက်က စံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၀-၂၀၂၁ နွေစပါး စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်အောင်နှင့်စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့်မြို့နယ်မြေစာရင်းဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာအုပ်စု စနစ်ကျစံပြလယ်ယာမြေ ကွင်းအမှတ် ၂၃၇(က) တောင်သူဦးအုန်းလွင်၏ နွေစပါး (၅.၀) ဧကကွက်တွင် ၁ဧက စပါးအစို (၁၀၃) တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
မြို့နယ် ပြန်/ဆက်