သိန္နီ မေ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သိန္နီမြို့နယ်ဦးစီးမှုးရုံးတွင် ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သိန္နီမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် သိန္နီမြို့နယ်၊ ဥယျာဉ်မှူးအုပ်စုအတွင်းရှိ ကျေးရွာ(၅)ရွာမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသူများ အတွက် ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ကျန်ရှိနေသော သိန္နှီမြို့နယ်အတွင်းရှိ ကျေးရွာများရှိ ပြည်သူများအား ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အိဇာချို(ပြန်/ဆက်)