သုံးခွမြို့နယ် ကံမြင့်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကျင်းပ

သုံးခွ မေ ၃၀

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သုံးခွမြို့နယ် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကံမြင့်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံတွင် ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက အဖွင့်အမှာစကား ပြောကြားပြီး လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်၀င်းသိန်းမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများအတွက် လိုက်နာရမည့်တာ၀န်နှင့် အကျိုးကျေးဇူးများကို ပြောကြားသည်။

ထို့‌နောက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား( ၃၅)ကတ် ကို ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ဝင်းတင်နှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့သည်။

ယင်းနောက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကာယကံရှင်များ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ခံရရှိသူ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)