ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP ) ဆောင်ရွက်နေမှု အခြေအနေ ကွင်းဆင်းစစ်ဆေး
May 28,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများကိုယ်တိုင် မိမိကျေးရွာများ ၏ ပကတိလိုအပ်ချက်များ ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျ စုပေါင်းလျက် ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ၂၀၂၀ -၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ထောက်ပံ့ရန်ပုံငွေ ကျပ်(၁၀)သန်းဖြင့် VDP စီမံကိန်းဝင်ကျေးရွာများ ဖြစ်သည့် အေးမွန်ကျေးရွာနှင့် ဗျိုင်းအင်းအမှတ်(၅)ကျေးရွာတို့၌ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆက်နိုင်ထွန်း၊ဒုတိယဦးစီးမှူး ဒေါ်တင်မို့မို့ကျော်နှင့် ဝန်ထမ်းများက မေလ (၂၈) ရက်နံနက်ပိုင်းက မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်းသိရသည်။