မြစ်ကြီးနား မေ ၂၉
အမျိုးသားယဉ်ကျေးမှုများ ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးအတွက် ကချင်တိုင်းရင်းသားမျိုးနွယ်စုတို့၏ ရိုးရာဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုများနှင့် ပတ်သက်၍ သုတေသနလေ့လာခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) သုတေသနအဖွဲ့နှင့် ကချင်တိုင်းရင်းသားမျိုးနွယ်စု ခေါင်းဆောင် များအကြား ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၆ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ကျင်းပပြုလုပ်သည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့နိုင်ငံသည် တိုင်းရင်းသားများဖြင့် စုဖွဲ့ထား သည့် ပြည်ထောင်စုသမ္မနိုင်ငံ တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းရင်းသား မျိုးနွယ်စုများအနေဖြင့် ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဂီတနှင့် ဓလေ့ထုံးစံများကို စနစ်တကျ ဖော်ထုတ် ထိန်းသိမ်းနိုင်ရေးအတွက် သုတေသနအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်၍ ဆောင်ရွက် သွားရန် လိုကြောင်း၊ မိမိတို့၏ ရိုးရာဓလေ့ထုံးစံများ၊ ထူးခြားထင်ရှားသည့် စရိုက်လက္ခဏာများကို ပြည့်စုံစွာ မှတ်တမ်းတင် နိုင်ရေး၊ ရေရှည်တည်တံ့သည့် ရိုးရာယဉ်ကျေးမှုအဖြစ် ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြ ရန်လို ကြောင်း၊ မိမိတို့စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာ ကြားသည်။
ယင်းနောက် သုတေသနလေ့လာရေးအဖွဲ့ခေါင်းဆောင်ဒေါက်တာလဲ့လဲ့အောင်(ကထိက၊ သမိုင်း) က အမျိုးသားယဉ်ကျေးမှုများ ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးအတွက် ကချင်တိုင်းရင်းသားမျိုးနွယ်စုတို့၏ ရိုးရာဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုများ သုတေသနလေ့လာခြင်းလုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသည့် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များ၊ ကချင် တိုင်းရင်းသား မျိုးနွယ်စုဝင်များဖြစ်ကြသည့် ဂျိန်းဖော၊ လော်ဝေါ်၊ လာချိဒ်၊ ဇိုင်ဝါး၊ လီဆူ၊ လဝမ် တိုင်းရင်းသားမျိုး နွယ်စုအကြီးအကဲများက သုတေသန လေ့လာရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်သွားမည့် အစီ အစဉ်များကို ရင်းရင်းနှီးနှီးညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက သုတေသနအဖွဲ့နှင့် တိုင်းရင်းသား မျိုးနွယ်စုအကြီးအကဲများအကြား လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) သုတေသနအဖွဲ့မှ ဦးကျော်သူရ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)နှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားမျိုးနွယ်စု အကြီးအကဲများ က မိတ်ဆုံညစာ ကို အတူတကွသုံးဆောင်ခဲ့ကြပြီး ရိုးရာယဉ် ကျေးမှု၊ ဓလေ့ထုံးစံများ သုတေသနလေ့လာခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ညှိနှိုင်းဆွေး နွေးခဲ့သည်။
အဆိုပါ ကချင်တိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြသည့် ဂျိန်းဖော၊ လော်ဝေါ်၊ လာချိဒ်၊ ဇိုင်ဝါး၊ လီဆူ၊ လဝမ်တို့၏ ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ စာပေ၊ ဂီတအနုပညာ၊ တူရိယာများနှင့် ထူးခြားသည့် စရိုက်လက္ခဏာများကို အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဦးကျော်သူရ ဌာနမှူး၊ စီမံ/ဘဏ္ဍာ ဦးစီး၍ ကထိက၊ နည်းပြများက မျိုးနွယ်စု တစ်ခုခြင်းစီ အလိုက် သုတေသနပြု မှတ်တမ်းတင်ခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇွန်လ ၄ ရက်နေ့ထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။