သတင်းများ

မြောင်းမြမြို့နယ်တွင် ၂၀၂၁−၂၀၂၂ ခုနှစ်၊ သက်ကြီးအဘိုး၊ အဘွား များအား ဒုတိယအကြိမ် လူမှုရေးပင်စင်ထောက်ပံ့
May 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင်၂၀၂၁−၂၀၂၂ ခုနှစ်၊ အသက်(၈၅)နှစ် အထက်သက်ကြီး အဘိုး၊ အဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ခြင်းကို ယမန်နေ့ နေ့လယ်(၁) နာရီအချိန်က သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပလပ်စတစ်ခြင်းရက်လုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
May 29,2021
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ  ပိုမိုတိုးတက်ရရှိလာပြီး  မိသားစု လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငါတို့ကျေးရွာတွင် ပလပ်စတစ်ခြင်း ရက်လုပ်နည်းသင်တန်းကိုဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဟားခါးမြို့တွင် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ
May 29,2021
၂၀၂၁−၂၀၂၂ ပညာသင်နှစ်အတွက် ချင်းပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ပြည်နယ်ပညာရေးမှူးရုံး တောင်ဇလပ်ခန်းမဆောင်၌ ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပြုလုပ်ရာ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃) ဦးကျော်ငြိမ်း တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မအီမြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်
May 28,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံ ပညာစာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို မေလ(၂၄)ရက်နေ့မှစ၍ ယနေ့ အထိ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဥတ္တရသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
May 28,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် မောင်းရမ်းကျေးရွာအုပ်စု၊ သရက်တောကျေးရွာအုပ်စုနှင့် မင်းကုန်းကျေးရွာအုပ်စုမှ ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းက မြို့နယ် စုပေါင်းရုံး၌ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြင်းခြံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ စာအုပ်စာစောင်များ ငှားရမ်းပေး
May 28,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ခမောက်ကြီးမြို့အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်
May 28,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘားအံမြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီစပါးစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
May 28,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးနိုင်စေရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို မေလ နောက်ဆုံးအပတ်မှ စတင်ထုတ်ချေးပေးနေလျက် ရှိနေကြောင်း သိရသည်။