သတင်းများ

စဉ့်ကိုင်မြို့နယ်တွင်ဒုဌ၀တီမြစ်အတွင်းငါးသားပေါက်ကောင်ရေ(၆)သိန်းစိုက်ထည့်
May 29,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်  မြောက်ကိုင်းကျေးရွာအုပ်စု  ၊ဆယ့်နှစ်ကိုင်းကျေးရွာရှိဒုဌ၀တီမြစ်အတွင်းငါးသားပေါက်ကောင်ရေ(၆)သိန်းစိုက်ထည့်ခြင်းကိုစိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊  ငါးလုပ်ငန်းဦးစီးဌာန မှ ယနေ့ နံနက်  (၈)နာရီ  က  စိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။
တနိုင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 29,2021
မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 29,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ပြုလုပ်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများတက်ရောက်သည်။
ပဲခူးတိုင်းဒေသကြီး မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံဆွေးနွေး
May 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးသည် မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ယနေ့ နံနက် ၈ နာရီခွဲက တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေး လမ်းညွှန်ချက်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
May 29,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာ တင်လတ် ရေးသားထားသည့် “အဖိုးတန်ကျန်းမာရေးဗဟုသုတများ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ လူစည်ကားရာနေရာများတွင် Mask Campaign ပြုလုပ်
May 29,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်မှ ဦးဆောင်ကြီးကြပ်၍ မြို့နယ်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီမှ ၈ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်မှ အပြင်သို့ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ သေချာစွာတပ်ဆင်သွားလာဖို့ အလေ့အထရရှိစေရန် COVID-19 ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်တားဆီးကာကွယ်ရေး လှုပ်ရှားမှုအဖြစ် (Mask Campaign)ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။
မြိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်
May 29,2021
မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊မြိုင်မြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးရေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်၁၀နာရီအချိန်က အမှတ်(၃)တပ်မတော် အကြီးစားစက်ရုံ(ခွဲ) မြိုင်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြိုင်မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 29,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း အတွင်း၌  ကျင်းပခဲ့သည်။