ထားဝယ် ဇွန် ၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အတွင်းရှိ မြို့နယ်များတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်းများကို ဇွန် ၁ ရက်နေ့ နံနက်ပိုင်းတွင် တစ်ပြိုက်နက် ဖွင့်လှစ်ခဲ့ရာ ကျောင်းများတွင် ပညာ သင်ယူကြမည့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြင့် ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းများသို့ လာရောက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ဆရာ/ဆရာမ များ က ကျောင်းဝင် ဝ၌ကျောင်းသား ကျောင်းသူများ အား အပူချိန်တိုင်းကိရိယာများဖြင့်တိုင်းတာ ပေးခြင်း ၊ နှာခေါင်းစည်း mask များတပ်ဆင်ပေးခြင်း ၊ကျောင်းများ တွင် လက်ဆေးဘေစင်များ ထားရှိကာ စနစ် တကျ လက်ဆေးစေခြင်းစသည်တို့ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထားဝယ်ခရိုင် ထားဝယ်မြို့နယ်တွင်မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူ ၆၁၇ ဦး၊အလယ်တန်း အဆင့် ၄၁၃ ဦး၊ အထက်တန်းအဆင့် ၁၅၈ ဦး၊ရေဖြူမြို့နယ်တွင် မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူ ၁၀၅၄ ဦး၊ အလယ် တန်း အဆင့် ၄၃၇ ဦး၊ အထက်တန်းအဆင့် ၆၁ ဦး၊လောင်းလုံးမြို့နယ်တွင်မူလတန်း အဆင့် ကျောင်းသား /ကျောင်းသူ ၃၁၂ ဦး၊အလယ်တန်း အဆင့် ၁၄၃ ဦး၊ အထက်တန်းအဆင့် ၅၆ ဦး၊ သရက်ချောင်း မြို့နယ် တွင်မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူ ၇၂၈ ဦး၊အလယ်တန်း အဆင့် ၃၉၇ ဦး၊ အထက်တန်းအဆင့် ၁၃၃ ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)