ရွှေပြည်သာ ဇွန် ၃
မိုးတွင်းကာလ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရန်နှင့် သွေးလွန်တုတ်ကွေးဖြစ်ပွားမှု မရှိစေရန် ရည်ရွယ်၍ ရန်ကုန် မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုလမ်း တစ်လျှောက်မှ အမှတ်(၂၄) အခြေခံ ပညာမူလတန်း ကျောင်းရှေ့နှင့် တံတားဖြူချောင်းတို့တွင် ယမန်နေ့ နံနက် ၈ နာရီ က မြို့နယ် စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးညွန့်ဝင်းနှင့် ဝန်ထမ်းများ၊ ပန်းဥ ယျာဉ် ဌာနမှဝန်ထမ်းများ ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ဝန်ထမ်းများ ၊ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်း အဖွဲ့ဝင် များသည် အဆိုပါနေရာများရှိအမှိုက်များ၊ခြုံနွယ်များ၊မြက်များ ရှင်းလင်း ခြင်းနှင့် ချောင်းအတွင်းသို့ ရေစီးရေလာကောင်းမွန်စေရေး အတွက် ရေမြောင်း ရှင်းလင်းခြင်းလုပ်ငန်း များကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်၊၊
အေးမိုး(ပြန်/ဆက်)