ရန်ကုန် ဇွန် ၃
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး ကျင်းပသည့် ၁၃၈၃ ခုနှစ် (၂၀၂၁) ခုနှစ် ဓမ္မာစရိယစာမေးပွဲ ဒုတိယနေ့ ပါရာဇိက ကဏ္ဍပါဠိ+အဌကထာ ဘာသာကို ဇွန်(၂)ရက်နေ့ မွန်းလွဲ(၁၂)နာရီ အချိန်မှ စတင်၍ သုမင်္ဂလာရာမလယ်တီဝိပဿနာကျောင်း၌ စာမေးပွဲ ဖြေဆိုသူ စာရင်းရှိ သံဃာတော်(၁၇၂၄)ပါး ရှိရာမှ ဝင်ရောက်ဖြေဆိုသူ သံဃာတော် (၁၁၀၉)ပါး ဖြေဆိုတော်မူကြကြောင်း သိရသည်။
ဓမ္မာစရိယစာမေးပွဲ ဒုတိယနေ့ ဖြေဆိုရာသို့ သင်္ဃန်းကျွန်းမြို့နယ်သံဃာနာယာက ဆရာတော် ကြီးများ၊ စာမေးပွဲကြီးကြပ် ဆရာတော်များ၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ခရိုင် သာသနာရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ကြက်ခြေနီ အသင်း ဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များက စာဖြေဆိုသူ ရဟန်း သံဃာတော်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကိုယ် အပူ ချိန်တိုင်းတာ ပေးခြင်း၊ နှာခေါင်း စည်းများ ပေးဝေခြင်းစသည့်တို့ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ ကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)