ဝါးခယ်မမြို့နယ်ရှိအခြေခံပညာကျောင်းများတွင်ကျောင်းသားကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားလျက်ရှိ

ဝါးခယ်မ    ဇွန် ၃

ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင် ၂၀၂‌၁၂၀၂၂   ပညာသင်နှစ်အတွက် ဝါးခယ်မမြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံးကို ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဖွင့်လှစ်ရာတွင်ဝါးခယ်မြို့နယ်အတွင်းရှိအထက(၁၈)ကျောင်း၊ အထက(ခွဲ)(၂၆)ကျောင်း၊ အလက(၂၃)ကျောင်း၊ အလက(ခွဲ)(၃၆)ကျောင်း၊ အလကတွဲ(၂)ကျောင်း၊ မူလွန်(၄၃)ကျောင်း၊ အမက(၁၈၇)ကျောင်း၊ အမက(ခွဲ)(၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၉)ကျောင်း စုစုပေါင်း(၃၄၇)ကျောင်း ဖွင့်လှစ်ခဲ့ပါသည်။‌ ကျောင်းများစတင်ဖွင့်လှစ်သည့်နေ့တွင် ကျောင်းများတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်ရေးအတွက် လုံခြုံရေးများချထားပေးခြင်း၊ ကိုဗစ်-၁၉ရောဂါတားဆီး ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပညာသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ထားရှိပြီး ယနေ့ကျောင်းများစတင်ဖွင့်လှစ်သည့် ဇွန်လ(၁)ရက်နေ့‌တွင် ကျောင်းသား‌ကျောင်းသူများ စိတ်အေးချမ်းသာပျော်ရွှင်စွာ ကျောင်းတက်လာကြကြောင်းသိရသည်။

စောသန္တာဦး(ပြန်/ဆက်)