၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုအား မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များမှ သွားရောက်ကြည့်ရှုအားပေး

 

သဲကုန်း  ဇွန် 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုအား ယမန်နေ့က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များမှ သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကြည့်ရှုရာတွင် အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ တားဆီး ကာကွယ်ရေး စည်းမျဉ်း စည်းကမ်း များနှင့်အညီ သင်ကြားပေးနိုင်ရေး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စာသင်ကြား နိုင်ရေးနှင့် လုံခြုံမှုရှိစေရေးတို့အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးယဥ်ထွေး၊သဲကုန်းမြို့နယ် လုံခြုံရေးတပ်ဖွဲ့မှူးဗိုလ်မှူး အောင်ဝင်းထွန်းနှင့် အဖွဲ့ဝင် များက စာသင်ကျောင်းများသို့ လှည့်လည်သွားရောက်ခဲ့ပြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များ၊ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားများ ပြောကြားခဲ့ကြသည်။

သဲကုန်းမြို့နယ်တွင် အထက()ကျောင်း၊အထကခွဲ()ကျောင်း၊ အလယ်တန်းကျောင်း()ကျောင်း၊ အလယ်တန်း ကျောင်ခွဲ() ကျောင်း၊ မူလတန်းလွန်()ကျောင်း၊မူလတန်း(၁၆၀)ကျောင်း၊မူလတန်းခွဲ()ကျောင်း စုစုပေါင်း(၁၉၄) ကျောင်းရှိပြီး အဆိုပါကျောင်းများအားလုံး ဖွင့်လှစ်၍ အေးချမ်းစွာ ပညာ သင်ကြားပေးလျက်ရှိကြောင်း မြို့နယ် ပညာ ရေးမှူး ရုံးမှ သိရှိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)