ကိုကိုးကျွန်းမြို့နယ်၌ အခြေခံပညာကျောင်း များ စတင်ဖွင့်လှစ် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြား လျက်ရှိ

 

 ကိုကိုးကျွန်း ဇွန်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်းများကို ယမန်နေ့ နံနက် နာရီစတင်ဖွင့်လှစ်ရာ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားလျက်ရှိသည်။

ကိုကိုးကျွန်းမြို့နယ်တွင် မူလတန်း၊ အလယ် တန်း၊အထက်တန်း ၂၀၂၁-၂၀၂၂ပညာသင်နှစ်အတွက် ကျောင်းအပ်နှံ ပြီးစီးသည့် ကျောင်းသား/သူ စုစုပေါင်း(၂၁၈) ဦးရှိပြီး၊ ယမန်နေ့ ကျောင်းတက်ရောက်သူ (၂၀၁)ဦး ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်စေရန်အတွက် မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာတာန်ရှိသူများ၊ရပ်ကွက်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဆရာ၊ ဆရာမ များနှင့် ပူးပေါင်း၍အနီးကပ်ကြီးကြပ် ကူညီဆောင်ရွက် ပေးလျက်ရှိ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)