ပုလော ဇွန်လ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေ များကို ဇွန်လ ၂ ရက်နေ့ နေ့လယ် ၁ နာရီက ပုလောမြို့နယ်၊ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်၌ ရှမ်းဒွတ်ကျေးရွာအုပ်စုရှိ တောင်သူ များကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရပါ သည်။
အဆိုပါ ရှမ်းဒွတ်ကျေးရွာ၌ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေ ထုတ်သူ တောင်သူ ၄၃ ဦးရှိပြီ:၊ လယ်ဧက ၂၆၈ ဧက အတွက် တစ်ဧကလျှင် ငွေကျပ် (၁)သိန်းခွဲနှုန်းဖြင့် ငွေ ၄၀၂ သိန်းကို ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။
ပုလောမြို့နယ်၌ ၂၀၂၁ ခုနှစ်အတွက် ရပ်ကွက် (၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၂) အုပ်စုရှိ တောင်သူ ၃၃၈၀ ဦး ၊ လယ်ဧကပေါင်း ၂၁၅၇၂ ဧက အတွက် တစ်ဧကလျှင် ၁သိန်းခွဲနှုန်းဖြင့် ငွေကျပ် ၃၂၃၅၈ သိန်း ကို ထုတ်ချေးပေးရန် လျာထားကြောင်းနှင့် ၂၀၂၀ ခုနှစ် မိုးစပါး အချိန်စေ့ ချေးငွေပြေ ကျေသည့် တောင်သူများကို ၂၀၂၁ ခုနှစ် မိုးစပါး ချေးငွေများကို ထုတ်ပေးခြင်း ဖြစ်ကြောင်းကို ပုလောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်ကြူကြူအေး ထံ မှ သိရပါသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)