သတင်းများ

မကွေးတိုင်းဒေသကြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ လစဉ်လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jun 03,2021
မကွေးတိုင်းဒေသကြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့၏ လစဉ်လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ပုလဲမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေများ စတင် ထုတ်ချေးပေး
Jun 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ပုလဲမြို့၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် လယ်ယာထွက်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ပြီး နိုင်ငံသားများ၏ စားနပ်ရိက္ခာ ဖူလုံရေး၊ မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင် တင်ပို့နိုင်ရေး၊ တောင်သူလယ်သမား များ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်၍ ၂၀၂၁ခုနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ COVID - 19 ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဇွန် ၃ရက်မှ စတင်၍ စနစ် တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 03,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  
ညောင်ရွှေစာဖြေဌာန၌ အစိုးရဓမ္မာစရိယစာမေးပွဲ တတိယနေ့ ဆက်လက်ဖြေဆို
Jun 03,2021
အစိုးရဓမ္မာစရိယစာမေးပွဲ တတိယနေ့ (သီလက္ခန္ဓ ဘာသာရပ်) ဖြေဆိုခြင်းကို ယနေ့ မွန်းတည့် (၁၂) နာရီက  ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ စိန်ရတုပုစ္ဆကကျောင်းဆောင်၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့ သစ်တောပျိုးဥယျာဉ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအတွက် ကျွန်းနှင့် အခြားအရိပ်ရ ပျိုးပင်ပေါင်း ၃၅၀၀၀ ကျော်ပျိုးထောင်ထားရှိ
Jun 03,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် သစ်တောဦးစီးဌာနရှိ ပျိုးဥယျာဉ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေးနှင့် ကျေးလက်နေပြည်သူများ
ချောင်းဆုံမြန်မာ့လယ်ယာ ဖွံ့ဖြိုးရေဘဏ်ခွဲတွင် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး
Jun 03,2021
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူ ကြီးများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ပိုင်းကစတင်၍ အဆိုပါဘဏ်ခွဲတွင်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ် ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်မှာကြားချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိသည်။
သာစည်မြို့နယ် လှိုင်းတက်ကျေးရွာတွင် ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံသစ် အဆောက်အအုံပန္နက်တင်မင်္ဂလာပြုလုပ်
Jun 03,2021
မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ် လှိုင်းတက်ကျေးရွာတွင် ၁၆ ကုတင်ဆံ့တိုက်နယ်ဆေးရုံသစ် အဆောက်အအုံပန္နက်တင်မင်္ဂလာအခမ်းအနားကို ဇွန် ၃ ရက်နံနက် ၈ နာရီကအဆိုပါ ဆေးရုံဝန်းအတွင်း၌ပြုလုပ်ကြောင်းသိရသည်။
နွားထိုးကြီးမြို့နယ်တွင်အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက် ဆောင်ရွက်ပေးလျက်ရှိ
Jun 03,2021
နွားထိုးကြီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးရေး ပန်းခင်းစီမံချက်ကို မေလ ၃ ရက်နေ့မှ စ၍ဒေသခံပြည်သူများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။