သတင်းများ

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးအဆင့်ဌာဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 05,2021
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ   လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ  ဝန်ထမ်းသား သမီး များအား ပညာသင် ထောက်ပံ့ကြေးပေးအပ်
Jun 05,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း သားသမီး များအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွန်ကြားချက်များ နှင့် အညီ ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။ 
တာလေတွင် တညင်းသီးများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလေ့ရှိကြရာ ယခုတညင်သီးပေါ်ချိန်တွင် မိသားစု အပိုဝင်ငွေရ
Jun 05,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တာလေ‌မြို့ဒေသခံပြည်သူများ နှစ်စဉ် ပုံမှန်ဝင်ငွေရရှိလျက်ရှိသည့် ဒေသထွက်ရာသီပေါ် တညင်းသီးများကို မြို့ပေါ်နှင့် ကျေးလက်နေ တိုင်းရင်းသားများအချို့မှ နေအိမ်ခြံဝင်းများနှင့် ဥယာဉ်ခြံမြေများတွင်တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် တညင်းသီးများ လှိုင်လှိုင်ပေါ်နေလျက်ရှိရာ ဈေးကောင်းရောင်းချရ၍ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိသည်။
မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဟိုင်းကြီးကျွန်းမြို့ရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှု လှည့်လည်ကြည့်ရှုအားပေး
Jun 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ အခြေခံပညာကျောင်းများဖွင့်လှစ်ထားရှိမှုကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ  တာဝန်ရှိသူများက  ယမန်နေ့ နံနက်  ၉ နာရီတွင် လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးကြိုးပစ်ခတ်မှုကြောင့်သေဆုံးခဲ့သူတစ်ဦးအတွက် ထောက်ပံ့ငွေပေးအပ်
Jun 05,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ သုံးခွချွန်းကျေးရွာအုပ်စု၊ ကျော်နုကျေးရွာ၌ ဇွန်လ ၃ ရက်နေ့ က မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတစ်ဦးအတွက် ထောက်ပံ့‌ငွေကို ယမန်နေ့ နေလည် ၂ နာရီအချိန်က ဘေးသင့်မိသားစု လက်ဝယ်အရောက ်သွားရောက်ထောက်ပံ့ပေးခဲ့သည်။
ပင်လောင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် ခေတ္တခိုလှုံရန် ရောက်ရှိလာသည့် တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်
Jun 05,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် မေလ ၂၆ ရက်နေ့ မှ ဇွန်လ ၄ ရက်နေ့ထိ လွိုင်ကော်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့မှ ခေတ္တခိုလှုံရန် ရောက်ရှိလာသည့် တိုက်ပွဲရှောင် ပြည်သူ ၁၅၂၉ ဦးရှိကြောင်း သိရသည်။
ပူတာအို၌  ၂၀၂၁-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အကြိုအခမ်းအနား ကျင်းပ
Jun 05,2021
 “ပတ်ဝန်းကျင်ရေရှည်တည်တံ့ကောင်းမွန်ဖို့ ဂေဟစနစ်ကိုပြန်လည်ပြုပြင်ထိန်းသိမ်းကြပါစို့” ဆောင်ပုဒ် နှင့်အညီ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် ဇွန်(၅)ရက်နေ့တွင်ကျရောက်မည့် ၂၀၂၁- ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြိုအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပူတာအိုမြို့ မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပခဲ့သည်။