သတင်းများ

ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊အရာခံနှင့်အကြပ်စစ်သည်များ၊မိသားစုဝင်များအား ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်
Jun 04,2021
ပမ္မဝတီရေတပ်စခန်းဌာနချုပ်နှင့် လက်အောက်ခံ တပ်/စခန်း/ရေယာဉ်များမှ အရာရှိ၊ အရာခံနှင့် အကြပ်စစ်သည်များ၊ မိသားစုဝင်များအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကို မေလက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ယနေ့ နံနက် ၁၁ နာရီက ပမ္မဝတီရေတပ်စခန်း ဌာနချုပ် အစည်းအဝေးခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာပါမောက္ခဒေါက်တာ အောင်ထွန်းသက် ရေးသားသည့် "အနာဂတ်၏ခေါင်းဆောင်မှုပညာ" စာဖတ်ဝိုင်းကျင်းပ
Jun 04,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယနေ့ ၊ နံနက် ၉ နာရီတွင် ပြည်သူများ အသိပညာတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့် အညီ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
တာမွေမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက် ပေးလျက်ရှိ
Jun 04,2021
မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်ကြတဲ့ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးရရှိစေရန်နှင့် နိုင်ငံသား များ၏ ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက် အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် အရှေ့ပိုင်း ခရိုင် တာမွေမြို့နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ၂၀၂၁-ခုနှစ် မေလ (၃)ရက်နေ့မှ ၂၀၂၂-ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံးမှ သိရသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ သဘာဝ မြစ်၊ ချောင်း၊ ရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်
Jun 04,2021
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်) ၏ လမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တိုက်ကြီးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝမြစ်ချောင်းရေပြင်များ အတွင်း ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က တိုက်ကြီးမြို့နယ် ရွာသာတံတားအနီး လှိုင်မြစ်အတွင်း ကျင်းပပြုလုပ်သည်။
လေရှီး-လဟယ် မြို့နယ်ချင်းဆက်လမ်းမပေါ်တွင် ဆင်ချီးပန်းချောင်းဖြတ်ကူးတံတားတည်ဆောက်
Jun 04,2021
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်းရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ  လေရှီး-လဟယ် မြို့နယ်ချင်းဆက်လမ်းမပေါ်တွင် ဆင်ချီးပန်းချောင်းဖြတ်ကူးတံတားကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။
တာလေမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးခြင်း၊ ပိုလီယိုကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်
Jun 04,2021
တာလေမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေးထိုးခြင်း၊ အစက်ချဆေးတိုက်ကျွေးခြင်းများနှင့် ပေါင်ချိန်ခြင်းများကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့ ၊ နားယောင်းကျေးရွာအုပ်စု အတွင်းရှိ နားအွန်ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဆောင်ရွက်ခဲ့သည်။