နွားထိုးကြီး ဇွန် ၃
နွားထိုးကြီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးရေး ပန်းခင်းစီမံချက်ကို မေလ ၃ ရက်နေ့မှ စ၍ဒေသခံပြည်သူများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့်ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရာတွင်အသက်(၁၆)နှစ်နှင့်အသက်(၁၈)နှစ်အကြား၊ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား လည်းကောင်း၊အိမ်ထောင်စုစာရင်း(မရှိ၊ပျောက်ဆုံး)နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်၊ ပျက်စီးသူများအား နွားထိုးကြီးမြို့နယ် လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများကို အလှည့်ကျဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းအောင်ဇော်