ချောင်းဆုံ ဇွန် ၃
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူ ကြီးများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ပိုင်းကစတင်၍ အဆိုပါဘဏ်ခွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ် ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်မှာကြားချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိသည်။
မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယခုဇွန်လ (၃)ရက်နေ့မှစ၍ တောင်သူများအားနေ့စဉ် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ချေးငွေထုတ်ချေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ တောင်သူများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများ အချိန်မီ ပြန်လည်ပေးဆပ်စေလိုကြောင်း၊ အဆိုပါငွေဖြင့် စိုက်ပျိုး ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးကြစေလို ကြောင်း၊ မြို့နယ် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာဦးဇော်လေးက ပြောသည်။
အဆိုပါ ချေးငွေထုတ်ချေးရာတွင် ခရိုက်သစ်ကျေးရွာအုပ်စုမှ တောင်သူ(၁၈)ဦးအား လယ်ဧက (၁၃၁) ဧကအတွက် ထုတ်ချေးငွေပေါင်း (၁၉၆ သိန်း ၅သောင်း) ကျပ် ကို ထုတ်ချေးပေးခဲ့ ကြောင်းနှင့် ယခုနှစ် မိုးရာသီစရိတ်ချေးငွေကို တစ်မြို့နယ်လုံးအတွက် ငွေကျပ်သိန်းပေါင်း (၆၄၀၀၀) ထုတ်ချေး ပေးရန် လျာထားလျက်ရှိကြောင်း ဘဏ်ခွဲ မန်နေဂျာထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)