သတင်းများ

ပဲခူးမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေးအတွက် သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း (၄၇၅၀၀) ပြုစု ပျိုးထောင် ထားလျက်ရှိ
Jun 03,2021
ပုသိမ်ခရိုင်၊ပုသိမ်မြို့နယ်သစ်တောဦးစီးဌာန၏ပုသိမ်မြို့ကန်သာယာ၊ယာယီပျိုးဥယျာဉ်တွင် မိုးရာသီကာလ၌ ပြည်သူများသစ်ပင်စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်စုစုပေါင်း (၄၇၅၀၀)ပင်ကို ပျိုးထောင်ပေးထားလျက်ရှိသည်။
ပင်လောင်းမြို့နယ်၌ အခြေခံပညာကျောင်းများဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူများ ပညာသင်ကြားလျက်ရှိ
Jun 03,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ကျောက်တံခါးမြို့နယ်၌ ၂၀၂၁ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိ
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ များကို ယနေ့ နံနက်(၉) နာရီက ကျောက်တံခါးမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ခင်အင်းကြီး ကျေးရွာအုပ်စုရှိ တောင်သူများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်တွင် ခုတင်(၅၀)ဆံ့ ကိုဗစ်-၁၉ စင်တာဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jun 03,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်တွင် ခုတင် (၅၀)ဆံ့ ကိုဗစ်-၁၉ စင်တာ ဖွင့်လှစ်နိုင်ရေး စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်၆နာရီက အဆိုပါစင်တာ ဖွင့်လှစ်မည့် ခုတင်(၁၀၀) တိုင်းရင်းဆေးရုံကြီး (မန္တလေး)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်ထန်းကုန်း ကျေးရွာအတွင်းမြစိမ်းရောင်အတိုးရငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းပြီးစီး
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အမဲခေါင်ကျေးရွာ အုပ်စု၊ ထန်းကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်းကျေးရွာမှ ရရှိလာသော အတိုး ငွေနှင့် ဆောင်ရွက်ခဲ့သော ကျေးရွာအတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခေတ္တ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့မှ ယနေ့နံနက် ၁:၀၀နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရ ပါသည်။
လက်ပံတန်းမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Jun 03,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာ၌ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ခဝဲသီးစိုက်တောင်သူများ စျေးနှုန်းအသင့်အတင့်ရရှိ၍ အဆင်ပြေလျက်ရှိ
Jun 03,2021
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်အတွင်းရှိ    ကျေးရွာအချို့တွင်   ရာသီပေါ်သီးနှံဖြစ်သည့်ခဝဲသီးပင်များစိုက်ပျိူးလျက်ရှိပြီးယခုအခါ  ခဝဲသီးများ လှိုင်လှိုင်ပေါ်နေပြီး ဖြစ်ရာစိုက်ပျိုးသူတောင်သူများအနေဖြင့်  အောင်မြင်ဖြစ်ထွန်း၍    စျေးနှုန်းအသင့်အတင့်ရရှိပြီး  အဆင်ပြေလျက်ရှိကြောင်းသိရသည်။