ကျိုက်မရောမြို့ သစ်တောပျိုးဥယျာဉ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအတွက် ကျွန်းနှင့် အခြားအရိပ်ရ ပျိုးပင်ပေါင်း ၃၅၀၀၀ ကျော်ပျိုးထောင်ထားရှိ

ကျိုက်မရော     ဇွန်       ၃

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် သစ်တောဦးစီးဌာနရှိ ပျိုးဥယျာဉ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေးနှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးတို့ အတွက်၂၀၂၁ ခုနှစ် မိုးရာသီတွင် နှစ်ရှည်အရိပ်ရအပင်များ စိုက်ပျိုးနိုင်ရန်အတွက် ကျွန်းပင်နှင့်အရိပ်ရ နှစ်ရှည်ပင်များဖြစ်သည့် ပျဉ်းကတိုးပင် ၂၀၀၀၊ ကျွန်းပျိုးပင် ၃၀၀၀၊ မဟော်ဂနီ ၃၀၀၀၊ မန်ဂျန်ရှားပင် ၂၅၀၀၀ နှင့် ယူကလစ်ပင်၂၀၀၀ နှင့် အခြားအရိပ်ရအပင်ပေါင်း ၃၅၀၀၀ ကျော်ကို ပျိုးထောင်းထားရှိရာ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာရုံးများအနေဖြင့် ပျိုးပင်များစိုက်ပျိုးလိုပါက သစ်တောဦးစီးရုံးတွင် အခမဲ့လာရောက် ထုတ်ယူနိုင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ကြီးထံမှ သိရသည်။

 ချိုမြတ်မြတ်ထွေး (ကျိုက်မရော)