မကွေးတိုင်းဒေသကြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ လစဉ်လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မကွေး     ဇွန်      ၃

မကွေးတိုင်းဒေသကြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့၏ လစဉ်လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိသည့် တပ်ရင်း/ တပ်ဖွဲ့နှင့်ဦးစီးဌာနများမှ ဝန်ထမ်းများက (ဇာတိမာန်) တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်၏ ဇနီးဒေါ်ဝင်းဝင်းမြင့်က မိသားစုစည်းရုံး ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များဖြစ်သည့် စည်းရုံးရေး၊ ပညာရည်မြင့် တင်ရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများသည် ခရိုင်/မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျတဲ့လုပ်ငန်း များဖြစ်ကြောင်း၊ ခရိုင်/မြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌများ အနေဖြင့် မိမိတို့လက်အောက်ရှိ ဝန်ထမ်းများနဲ့ ဝန်ထမ်းမိသားစုဝင်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ဆောင်ရွက်လျက်ရှိတဲ့ ရှေးလုပ်ငန်းစဉ်(၅)ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘော ပေါက် သိရှိနိုင်စေရေး ချပြရှင်းလင်းဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း အမှာစကား ပြောကြားခဲ့ သည်။

ဆက်လက်၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင် ခဲ့သော ဂုဏ်ထူးရ ကျောင်းသား/သူများအား ဂုဏ်ပြုဆုများနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေး အပ်ခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာရှိသည့် တပ်ရင်း/တပ်ဖွဲ့နှင့် ဦးစီး ဌာနများမှ ဝန်ထမ်းများက တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် တေးသီချင်းဖြင့် သီဆို ဖျော်ဖြေခဲ့ကြသည်။

အခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌများမှ ကော်မတီဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တင်ပြခဲ့ပြီး ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌများမှ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌများ၏ တင်ပြချက်များ အပေါ် လိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများဆွေးနွေး တင်ပြခဲ့ကြရာ တိုင်းဒေသ ကြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ မှ ခရိုင်/မြို့နယ် မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌများ၏ ဆွေးနွေးတင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ