ညောင်ရွှေ ဇွန် ၃
အစိုးရဓမ္မာစရိယစာမေးပွဲ တတိယနေ့ (သီလက္ခန္ဓ ဘာသာရပ်) ဖြေဆိုခြင်းကို ယနေ့ မွန်းတည့် (၁၂) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ စိန်ရတုပုစ္ဆကကျောင်းဆောင်၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲ တတိယနေ့ သီလက္ခန္ဓ ဘာသာရပ်ကို ညောင်ရွှေစာဖြေဌာနမှ စာဖြေသံဃာတော်နှင့် သီလရှင်စုစုပေါင်း (၃၃)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်များနှင့် စာဖြေသံဃာတော်များ၊ လူပုဂ္ဂိုလ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက နှာခေါင်းစည်း (Mask)များ ဆက်ကပ်လှူဒါန်းခြင်း၊ လက်သန့်စင်ဆေးများ လှူဒါန်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ