မြစ်သားမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်သား    ဇွန်   

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်က ပါဠိပထမပြန်စာမေးပွဲနှင့်ပတ်သက်၍ ကိုဗစ်-၁၉ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပနိုင်ရေး၊ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရေး၊ ပါဠိပထမပြန်စာမေးပွဲ မစတင်မီ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားရှိရန်နှင့်ဆောင်ရွက်ချက်များအားအချိန်မီ သတင်းထုတ်ပြန်နိုင်ရေး၊ လုံခြုံရေးတာဝန်များ ပူးပေါင်းဆောင်ရွက်နိုင်စေရေးနှင့်လိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိဌာနအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများကိုတင်ပြခဲ့ကြပြီး အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မြစ်သားမြို့၊ ရှမ်းပွဲရပ်ကွက်ရှိ ဝေယံဘုံမြင့်ဓမ္မာရုံတွင် ဇွန်  ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ  ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြမြမွန်(မြစ်သား)