သာစည်မြို့နယ် လှိုင်းတက်ကျေးရွာတွင် ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံသစ် အဆောက်အအုံပန္နက်တင်မင်္ဂလာပြုလုပ်

သာစည်  ဇွန်  ၃

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်လှိုင်းတက်ကျေးရွာတွင် ၁၆ ကုတင်ဆံ့တိုက်နယ်ဆေးရုံသစ် အဆောက်အအုံပန္နက်တင်မင်္ဂလာအခမ်းအနားကို  ယနေ့နံနက် ၈ နာရီကအဆိုပါ ဆေးရုံဝန်းအတွင်း၌ပြုလုပ်ကြောင်း သိရသည်။

ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်၊မြို့နယ် တည်ဆောက်ရေးလုပ်ငန်း  စိစစ်ဆေးရေးကော်မတီဝင်များ၊  မြို့နယ်ကျန်းမာရေးဦးစီးဌာနဦးစီးမှူးဒေါက်တာဇော်မင်းထူး၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်တိုက်နယ်ဆေးရုံဆောက်လုပ်ရန်မြေ၅ဧကလှူဒါန်းပေးသောအလှူရှင်ဦးစိုးဝင်းအောင်ဇနီးဒေါ်အေးအေးခိုင်မိသားစုတို့က မင်္ဂလာအချိန်တွင်  သတ်မှတ်နေရာ၌ပန္နက်စိုက်ထူပေးသည်။

အဆိုပါတိုက်နယ်ဆေးရုံ၊ ဝန်ထမ်းအိမ်ရာနှင့်အခြားဆက်စပ်လုပ်ငန်းများ တည်ဆောက်ခြင်းကို သစ်လွင်ဦးကုမ္ပဏီက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၅၈၅ သန်းဖြင့်  ဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရပြီး အကျယ်အဝန်းမှာ အလျား၁၄၁ပေ၊အနံ၁၀၃ပေနှင့်အမြင့်၁၃ပေဖြစ်ကြောင်း သိရသည်။                                                                       

မြို့နယ်ပြန်/ဆက်