သတင်းများ

ကမမောင်းမြို့တိုက်နယ်ဆေးရုံ၌ ကျန်းမာရေးဝန် ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံ
Jan 28,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ တိုက်နယ်ဆေးရုံ၌ ယနေ့နံနက် ၈ နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုစတင်ထိုး နှံပေးခဲ့ကြောင်းသိရှိရသည်။
မြောင်းမြမြို့နယ်၌ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံ
Jan 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီက မြောင်းမြမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်−၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်း
Jan 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ် မြို့ပေါ်ရပ်ကွက်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင်ကျန်းမာ​ရေးဝန်ထမ်းများကို ကိုဗစ် ၁၉​​ရောဂါကာကွယ်​ဆေးစတင်ထိုးနှံ
Jan 28,2021
ရန်ကုန်​မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနတွင် ယ​နေ့ နံနက် ၁၀နာရီ အချိန်က ကာကွယ်​​ဆေးထိုးရန်ကိုယ်ပူချိန်တိုင်းခြင်း၊​သွေး​​ပေါင်ချိန်တိုင်းခြင်းတို့ ပြုလုပ် ပြီး စတင်ထိုးနှံ​ပေးလျက်ရှိ​ကြောင်းသိရသည်။
​ကော့ကရိတ်မြို့ တံတာကြီး​ကျေးရွာနှင့် မိဖာလဲ​ကျေးရွာတို့တွင်သွားလာရေး အဆင်ပြေစေရန် တံတားငယ်နှင့် မြေကာနံရံတည်ဆောက်ခြင်း ဆောင်ရွက်
Jan 28,2021
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် မိဖာလဲကျေးရွာနှင့် တံတားကြီး ကျေးရွာများတွင် ရွာတွင်းကွန်ကရစ်တံတားနှင့် မြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်းကို ဇန်နဝါရီ လ ၂၅ ရက်နေ့၌ ကျေးရွာလူထုလုပ်အားဖြင့် စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုင်းယန်းမြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ
Jan 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင် ၊မိုင်းယန်းမြို့နယ်တွင် ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ ဆေးရုံ၌ ပထမအကြိမ်စတင်ထိုးနှံပေးခဲ့သည်။
ကော့သောင်းမြို့တွင် အလုပ်သမားအခွင့်အရေးဆိုင်ရာ ရက်တိုသင်တန်းပို့ချ
Jan 28,2021
ကော့သောင်းမြို့နယ်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုနှင့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) တို့ ပူးပေါင်းကာ အလုပ်သမားအခွင့်အရေးရက်တို့သင်တန်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ငါးသုံး လုံးတောင်ကုန်းပညာရွှေစင်ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည်။
ကျိုက်ဒုံမြို့တွင် ရော်ဘာအစေးခြစ်ခြင်း စာတွေ့၊ လက်တွေ့ သင်ကြားပြသ
Jan 28,2021
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ အိမ်ဆိုင်ကျေးရွာတွင် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဖွင့်လှစ်သော ရော်ဘာအစေးခြစ်ခြင်းသင်တန်းတွင် ရော်ဘာအစေးခြစ်နည်း ဘာသာရပ်များကို ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုပြည်နယ် ဦးစီးမှူး ဒေါ်ခင်သီနွယ်နှင့်မြို့နယ်၊ မြို့စိုက်ပျိုးရေးဝန်ထမ်းများ၊ သင်တန်းဆရာများက စာတွေ့၊လက်တွေ့သင်ကြား ပြသလျက်ရှိပါသည်။