ကမမောင်းမြို့တိုက်နယ်ဆေးရုံ၌ ကျန်းမာရေးဝန် ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံ

ကမမောင်း၊ ဇန်နဝါရီ ၂၈

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ တိုက်နယ်ဆေးရုံ၌ ယနေ့နံနက် ၈ နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုစတင်ထိုး နှံပေးခဲ့ကြောင်းသိရှိရသည်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးကို ကမမောင်းတိုက်နယ်ဆေးရုံ၊ ကမမောင်းကျေးလက် ကျန်းမာရေး ဌာန၊ ဝါကော်ကျေးကျေးလက်ကျန်းမာရေးဌာန၊ ကတိုင်တိကျေးလက်ကျန်းမာရေးဌာနတို့မှ ကျန်းမာရေးဝန်ထမ်းစုစုပေါင်း ၄၇ ဦးအား ကာကွယ်ဆေးပထမအကြိမ်ထိုးနှံရခြင်းဖြစ်ပြီး ရက်သတ္တပတ် ၄ ပတ်ခြား၍ ၂ကြိမ်ထိုးနှံရမည်ဖြစ် ကြောင်း ကမမောင်းတိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာဆုရဲထက် ထံမှသိရှိရသည်။

ကမမောင်း (ပြန်/ဆက်)