ကျိုက်ဒုံမြို့တွင် ရော်ဘာအစေးခြစ်ခြင်း စာတွေ့၊ လက်တွေ့ သင်ကြားပြသ

ကျိုက်ဒုံ ဇန်နဝါရီ ၂၈

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ အိမ်ဆိုင်ကျေးရွာတွင် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဖွင့်လှစ်သော ရော်ဘာအစေးခြစ်ခြင်းသင်တန်းတွင် ရော်ဘာအစေးခြစ်နည်း ဘာသာရပ်များကို ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုပြည်နယ် ဦးစီးမှူး ဒေါ်ခင်သီနွယ်နှင့်မြို့နယ်၊ မြို့စိုက်ပျိုးရေးဝန်ထမ်းများ၊ သင်တန်းဆရာများက စာတွေ့၊လက်တွေ့သင်ကြား ပြသလျက်ရှိပါသည်။

ထိုသို့ပြသရာတွင် သင်တန်းသားများကို ရော်ဘာပင်အခေါက်တည်ဆောက်ပုံများအား စာတွေ့သင်ကြားပေးခြင်း၊ လက်တွေ့ ဓါးသွေးခြင်းနှင့် အစေးခြစ်ခြင်း၊ အ​စေးခြစ်နိုင်​သောအပင်အား ပြင်ဆင်နည်းစသည့် ဘာသာရပ်များကိုသင်ကြား ပြသခဲ့ပြီး ရော်ဘာပင်အစေးခြစ် မျက်နှာပြင်အောက်​ရောက်​သောအခါ ပုံမှန်အစေးခြစ်၍ မရသည့်အတွက် အစေးခြစ်ကြောင်းဘက်မှအပေါ် ဘက်သို့ဓါးပြောင်းပြန်အစေးခြစ်ရကြောင်း၊ ည​နေပိုင်းတွင်ရရှိလာသော အစေးရည်ကိုခဲရန် အတွက်ရေနှင့်အက်ဆစ်ရောစပ်ပုံ၊ ခဲပုံများကိုသင်တန်းဆရာနှင့် တာဝန်ရှိသူများက စာတွေ့၊လက်​တွေ့သင်ကြားပြသခဲ့​ကြောင်းသိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်