မြောင်းမြ ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီက မြောင်းမြမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်−၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံခြင်းတွင် မြောင်းမြခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာနှစ်ဆန်းဦး ကြီးကြပ်၍ ဆေးထိုးအဖွဲ့များက ကာကွယ်ဆေးထိုးရန် လာရောက်ကြသည့် ကျန်းမာရေး ဝန်ထမ်းများအား ကာကွယ်ဆေးမထိုးမီအချိန်တွင် တစ်ဦးချင်းစီသွေးပေါင်ချိန်ခြင်းနှင့် လိုအပ်သည့် အချက်များ စစ်ဆေးဆောင်ရွက်ပြီး ကျန်းမာရေး ဝန်ထမ်းစုစုပေါင်း (၁၁၀)ဦးအား ကိုဗစ်−၁၉ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးခဲ့သည်။
ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသူများကို လေးပတ်အကြာတွင် ဒုတိယအကြိမ်အဖြစ် ပြန်လည်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇေဇေမောင်(ပြန်/ဆက်)