မိုင်းယန်း ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင် ၊မိုင်းယန်းမြို့နယ်တွင် ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ ဆေးရုံ၌ ပထမအကြိမ်စတင်ထိုးနှံပေးခဲ့သည်။
မိုင်းယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ် ကုသရေး နှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဖြိုးထွဋ် ဗိုလ်ဗိုလ်ထွန်း ဦးဆောင်၍ ပထမ အကြိမ်စတင်ထိုးနှံပေးရာ မြို့နယ် ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှကျန်းမာရေး ဝန် ထမ်း (၆၈)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းတွင် မိုင်းယန်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး(၉)လုံးရရှိပြီး တစ်လုံးလျှင်(၁၀) ဦးနှုန်း ထိုးနှံနိုင်ကြောင်း မြို့နယ် ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
ထွန်းထွန်းထူး(ပြန်/ဆက်)