သတင်းများ

ဆားလင်းကြီးမြို့၌ အားကစားရုံသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် အားကစားရုံသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၈) နာရီက အဆိုပါ အားကစားရုံ အဆောက်အဦသစ်ရှေ့၌ ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးအောင်အောင်နှင့် ဦးကိုကိုအောင်၊ တိုင်းဒေသကြီး အားကစားနှင်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ ယင်းမာပင်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနှင့် ဆားလင်းကြီးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဦးဆန်းမြင့်တို့က ဖတ်ကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ လိုက်လံနှိုးဆော်
Jan 29,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ အများပြည်သူ သိရှိလိုက်နာရမည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေ ရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်း များကို ယမန်နေ့ နံနက်(၇)နာရီအချိန် က မော်ချီးကျေးရွာအုပ်စုတို့၌ လိုက်လံ နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်း နွေရာသီနှင့် မိုးရာသီဓာတ်အား ပြတ်တောက်မှု မရှိစေရေးအတွက် သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း
Jan 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ ဓာတ်အားရယူထားသော 33kv လှိုင်သာယာ−ကျန်စစ်မင်း(၁)ဖီဒါနှင့် 33kv လှိုင်သာယာ− ကျန်စစ်မင်း (၂)ဖီဒါတို့အား လိုင်းအပြစ်ကြိမ် လျော့နည်းကျဆင်းစေရေး နှင့် ဓာတ်အားလိုင်း ကြံ့ခိုင်မှုရှိစေရန် အတွက် သစ်ပင်၊ သစ်ကိုင်း ခုတ်ခြင်းလုပ်ငန်းများကို ယနေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်လျက်ရှိသည်။
ထန်းတပင်၌ အမှိုက်ကောက် Campaign အစီအစဉ်ကို အပတ်စဉ်ဆောင်ရွက်သွားမည်
Jan 29,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် သန့်ရှင်းသာယာလှပစေရေးနှင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်တက် စေရန် ရည်ရွယ်၍ We Love Htantabin လူထုအခြေပြု ပရဟိတအဖွဲ့ (ထန်းတပင်)မှ ဦးဆောင်ကာ အမှိုက် ကောက် Campaign အစီအစဉ်ကို မြို့နယ်အတွင်း အကောင်အထည်ဖော်ကာ ဆောင်ရွက်နေပြီး အပတ်စဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အဆိုပါ ပရဟိတအဖွဲ့မှ သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးရုပ်ပုံနှင့် Mask တပ်ပါ ဆိုင်းဘုတ်ပြသထားရှိ
Jan 29,2021
လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ၇ နာရီအချိန်က အသိပညာပေးရုပ်ပုံနှင့် Mask တပ်ပါဆိုင်ဘုတ်အား ၁၁ လမ်း၊ လူစည်ကားရာ နေရာတွင် ထားရှိကြောင်း သိရသည်။
သနပ်ပင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေရေးဆွဲနည်း (AVIP) သင်တန်းပို့ချ
Jan 29,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သော ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေရေးဆွဲနည်း (AVIP) သင်တန်းပို့ချခြင်းကို ယမန်နေ့ နံနက် ၁၀နာရီအချိန် က သနပ်ပင် မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအအခြေပြုဗဟို ဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
Jan 29,2021
ရန်ကုန်အနောက်ပိုင်းခရိုင် ၊ ကမာရွတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္တအကြိမ် ထပ်တိုးထောက်ပံ့ငွေပေးအပ် လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူတို့သွား​ ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့နယ်၌ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု ဥပဒေ၊ ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေ ပြင်ဆင်သည့် နည်းဥပဒေများ နှင့်အညီ ကြီးကြပ်ရေးအဖွဲ့ဝင်(၅)ဦး ရွေးချယ်
Jan 29,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရွှေညောင်ပင်ရပ်ကွက်၌ ရပ်/ကျေး အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ရာတွင် ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းနိုင်ရန်အတွက် မြို့နယ်ဌာနဆိုင်ရာများက ကြီးကြပ်ရေး အဖွဲ့ဝင်များအား စီစစ်ရွေးချယ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်နှင့်အညီ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။