မင်္ဂလာဒုံမြို့နယ်တွင်ကျန်းမာ​ရေးဝန်ထမ်းများကို ကိုဗစ် ၁၉​​ရောဂါကာကွယ်​ဆေးစတင်ထိုးနှံ

မင်္ဂလာဒုံ ဇန်နဝါရီ   ၂၈

ရန်ကုန်​မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနတွင် ယ​နေ့ နံနက် ၁၀နာရီ အချိန်က ကာကွယ်​​ဆေးထိုးရန်ကိုယ်ပူချိန်တိုင်းခြင်း၊​သွေး​​ပေါင်ချိန်တိုင်းခြင်းတို့ ပြုလုပ် ပြီး စတင်ထိုးနှံ​ပေးလျက်ရှိ​ကြောင်းသိရသည်။

ကာကွယ်​ဆေးထိုးနှံရာတွင် မင်္ဂလာဒုံမြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှူး ​ဒေါက်တာ ဒေါ်ဝင်းဝင်းမာ (လက်​ထောက်ညွှန်မှူး)နှင့်ဝန်ထမ်း(၆၄)ဦးတို့ကို ယ​နေ့နံနက်၁၀နာရီ အချိန်မှစ၍ ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။ ကာကွယ်​ဆေးထိုးနှံပြီး ​နောက်ထပ် ရက်သတ္တပတ်(၄)ပတ်(၂၈)ရက်တွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံ​ပေးသွားမည်။​

ကာကွယ်​ဆေးထိုးနှံ​ပေးခြင်းလုပ်ငန်းကို​ ကောင်းစွာ​ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်​ဆေး ဆိုင်ရာ အ​ကြောင်း အရာ​များ၊ ကာကွယ်​ဆေးသို​လှောင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဖြန့်​ဝေခြင်း၊ ကာကွယ်​ဆေးထိုးသင့်သူများနှင့် ကာကွယ်​ဆေးထိုးပြီး​ နောက်ဆက်တွဲပြဿနာများကို ​စောင့်ကြည့် စစ်​ဆေးခြင်း၊ ကာကွယ်​ဆေးထိုးနှံခြင်းနှင့်ပတ်သက်ပြီး ပြည်သူလူထုကိုဆက်သွယ်​​ပြောဆိုခြင်း စသည့်အချက်များကို ကျန်းမာ​ရေးဦးစီးဌာနက အွန်လိုင်းမှတစ်ဆင့် သင်တန်းပို့ချ​ပေးခဲ့ပြီးဖြစ်​ကြောင်း သိရသည်။ အဆိုပါကာကွယ်​ဆေးထိုးနှံခြင်းကို တိုင်း​ဒေသကြီးလွတ်​တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်​ရေးမှူးတို့က ကြည့်ရှု့အား​ပေးခဲ့​ကြောင်းသိရသည််။

မျိုးသန့်(ပြန်/ဆက်)