သတင်းများ

မံစီမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံ
Jan 28,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
တိုက်ကြီးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာ ရွေးချယ်ပွဲ အခမ်းအနားကျင်းပ
Jan 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာ ရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း၏ (၁၁)ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
Jan 28,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း၏ (၁၁)ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ပတ္တမြားမင်းကျောင်း ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံ
Jan 28,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် စတင်ဆောင်ရွက်ခဲ့သည်။
မအူပင်ခရိုင် မီးသတ်ဦးစီးဌာန၏ (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ၅၀% ပြီးစီးမှု ကြည့်ရှုစိစစ်
Jan 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးဌာန (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် ၏ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ၅၀ ရာခိုင်နှုန်း ပြီးစီးမှုအား မြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းနှင့် တည်ဆောက်ရေး ကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူများက ယမန်နေ့ နေ့လည် ၁၂ နာရီက လုပ်ငန်းဆောင်ရွက်ရာ ခရိုင်မီးသတ် ဦးစီးဌာနရုံးသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် အလှူငွေ ကျပ်(၁၀) သိန်းထည့်ဝင်လှူဒါန်း
Jan 28,2021
နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရေး ရန်ပုံငွေသို့ လက်ပံတန်းမြို့နယ် ကိုယ်စားပြု ထည့်ဝင်နိုင်ရန် မြို့နယ်မှ စီစဉ်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ကာကွယ် ဆေးဝယ်ယူ‌ရေး ရန်ပုံငွေအတွက် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်ဇနီး ဒေါ်သန်းသန်းအေး မိသားစုမှ အလှူငွေကျပ်(၁၀)သိန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ထည့်ဝင်လှူဒါန်းခဲ့ရာ လက်ပံတန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက လက်ခံခဲ့ကြကြောင်း သိရသည်။
ပေါက်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 28,2021
မ​ကွေးတိုင်း​ဒေသကြီး၊ ပခုက္ကူခရိုင်၊​ ပေါက်မြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက စတင်၍ ပေါက်မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်နေကြောင်း သိရသည်။
မအူပင်မြို့တွင် ကျန်းမာရေးဝန်ထမ်းများအား COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ
Jan 28,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မအူပင်မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ ဝန်ထမ်းများအား (ကိုဗစ်-၁၉) COVISHIELD ကာကွယ်ဆေး စတင်ထိုးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးတွင် ယမန်နေ့ နေ့လည်ပိုင်းက ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒေါက်တာခင်မာစိုးနှင့် တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။