​ကော့ကရိတ်မြို့ တံတာကြီး​ကျေးရွာနှင့် မိဖာလဲ​ကျေးရွာတို့တွင်သွားလာရေး အဆင်ပြေစေရန် တံတားငယ်နှင့် မြေကာနံရံတည်ဆောက်ခြင်း ဆောင်ရွက်

ကော့ကရိတ် ဇန်နဝါရီ  ၂၈

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင်  မိဖာလဲကျေးရွာနှင့် တံတားကြီး ကျေးရွာများတွင် ရွာတွင်းကွန်ကရစ်တံတားနှင့် မြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်းကို ဇန်နဝါရီ လ ၂၅ ရက်နေ့၌ ကျေးရွာလူထုလုပ်အားဖြင့် စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါစီမံကိန်းလုပ်ငန်းများကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေကျပ် (၂၄၇)သိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အတိုင်းအတာအားဖြင့် ကွန်ကရစ်တံတားများအား (အရှည် ၁၅ ပေ x အကျယ် ၁၅ ပေ x အမြင့် ၇ ပေ) (၁၂'x၆")ဖြင့်လည်းကောင်း၊ မြေကာနံရံအား (အရှည် ၈၀၀ ပေ x အကျယ် ၁၈ ပေ x အထူ ၁ ပေ)ဖြင့် လည်းကောင်း  အသီးသီးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ရာနှုန်းပြည့်ပြီးစီးသွားပါက ကျေးရွာများမှ အိမ်ထောင်စု (၁၈၇)စု၊ လူဦးရေ (၁၁၄၉)ဦးတို့၏ မိုးရာသီကာလ နှစ်စဥ်ကြုံတွေနေရသော အခက်အခဲများမှ ကင်းဝေးလျက် ပညာရေး၊ကျန်းမာရေး၊ စီပွားရေး၊ လူမှုရေးများအတွက်  အဆင်ပြေ ကောင်းမွန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း​မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာနမှသိရှိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)