ကျောက်တလုံးကြီးမြို့၊ နောင်ပစ်ကျေးရွာအုပ်စု၊ ပုံဖြွန်းကျေးရွာ၌ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် နောင်ပစ်ကျေးရွာအုပ်စု၊ ပုံဖြွန်း ကျေးရွာ၌ ၁၂/၀.၄ကေဗွီ၊ ၂၀၀ကေဗွီအေ ထရန်စဖော်မာဓါတ်အားခွဲရုံ(၁)ရုံ၊ ၄၀၀ဗို့ဓာတ်အားလိုင်း (၂.၅)မိုင်တည် ဆောက်ပြီးစီး၍လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၁၀နာရီခန့်က တောင်ကြီး မြို့နယ် မဲဆန္ဒအမှတ် (၂)လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သူရအောင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဦးခွန်ယွန်းနှင့် ကျောက်တလုံးကြီးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။