သတင်းများ

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆောင်ရွက်ပေး
Mar 13,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာသွားလာနိုင်ရေးအတွက် မြို့ပေါ်ရှိဖြေဆိုမည့် စာစစ်ဌာန ကျောင်းများရှေ့တွင် ယနေ့နံနက်(၇) နာရီအချိန်က ယာဉ်စည်းလမ်းစည်းကမ်း ဆောင်ရွက်ခဲ့ကြသည်။
ဗန်းမော်မြို့တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ် (၁) သင်တန်းဆင်းပွဲ ကျင်းပ
Mar 13,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဗန်းမော်မြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တောင်တွင်းကြီးမြို့နယ် စာစစ်ဌာန (၁၁) ခု၌ သင်္ချာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၅၈၂၁) ဦး ဖြေဆို
Mar 13,2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် (၉) နာရီက နိုင်ငံတစ်ဝန်း စာဖြေဌာနများတွင် သင်္ချာဘာသာရပ်အား တတိယနေ့ ဆက်လက်ဖြေဆိုလျက်ရှိရာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့တွင် စာဖြေဌာန (၁၁) ခုရှိပြီး စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၆၀၉၀) ဦး၊ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၅၈၂၁) ဦး ဖြေဆိုရန် ပျက်ကွက်သူ (၂၆၉) ဦး၊ ဖြေဆိုသည့်ရာခိုင်နုန်းမှာ (၉၅•၅၈) ရာခိုင်နုန်းရှိကြောင်း သိရသည်။
အစိုးရနည်းပညာ အထက်တန်းကျောင်း (မင်းတပ်) ၌ ကာလတိုအခြေခံသင်တန်းဆင်းပွဲ ကျင်းပ
Mar 13,2020
အစိုးရနည်းပညာ အထက်တန်းကျောင်း (မင်းတပ်) ၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ သင်တန်းအမှတ်စဉ် (၁/၂၀၂၀) အခြေခံကွန်ပျူတာသင်တန်း၊ အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းသင်တန်း၊ မော်တော် ဆိုင်ကယ်ပြုပြင်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါသင်တန်း ခန်းမ၌ ကျင်းပသည်။
လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အိမ်ယာမြေပိုင်ဆိုင်ထားရှိမှုနှင့် ပတ်သက်၍ နွေးဆွေးပွဲကျင်းပ
Mar 13,2020
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ အိမ်ယာမြေပိုင်ဆိုင်ထားရှိမှုနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် ၇၂၂ ဦး ဆက်လက် ဖြေဆို
Mar 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရှိ အ.ထ.က(၁) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ဖြေဆိုမှုကို ယနေ့နံနက် (၉) နာရီအချိန်က ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၇၂၂ ဦး ဆက်လက်ဖြေဆိုခဲ့ကြသည်။
ပင်လုံ၌ စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်း စီမံကိန်း ဆွေးနွေးပွဲ၊ ပေးအပ်ပွဲနှင့်သရုပ်ပြသခြင်းဆောင်ရွက်
Mar 13,2020
စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (KOICA) နှင့် ကိုရီးယားရာသီဉတုပြောင်းလဲမှုဗဟိုဌာန (Korea CCC) တို့ ပူးပေါင်း၍ သစ်တောပြုန်းတီးမှု ကာကွယ်ရေး၊ ထင်းသုံးစွဲမှုလျှော့ချရေး၊ ကာဗွန်ထုတ်လုပ်မှုလျှော့ချရေး ရည်ရွယ်၍ စွမ်းအားမြှင့် မီးဖိုများပေးအပ်ပွဲကို ယနေ့ နံနက် (၉) နာရီက ဟဲနန်းကျေးရွာ အုပ်စု၊ ဝမ်မိုင်ရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ ရှမ်းပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမြထွေး က အမှာစကားပြောကြားပါသည်။ ထို့နောက် ခရိုင် စိုက်ပျိုးရေးမန်နေဂျာ ဒေါ်နန်းစောမြ က စွမ်းအားမြှင့် မီးဖိုများပေးအပ်ရခြင်း ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားပါသည်။ ၄င်းနောက် ပင်လုံမြို့ စိုက်ပျိုးရေးဉီးစီးဌာန ဦးစီးမှူး ဦးဇော်မော်ဦး က စွမ်းအားမြှင့်မီးဖိုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ကျေးရွာအုပ်စုများရှိ ကျေးလက်နေပြည်သူများအား စွမ်းအားမြှင့် မီးဖို (၁၈၀၀) လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့ပါသည်။
ဆင်ပေါင်ဝဲမြို့၌ ART ဆင့်ပွားဆေးကုသမှုဌာန (ART DC Site) အသစ်ဖွင့်လှစ်ခြင်းကို အသိပေး ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ
Mar 13,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ART ဆင့်ပွားဆေးကုသမှုဌာန (ART DC Site) အသစ်ဖွင့်လှစ်ခြင်းကို အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပခဲ့သည်။